Local News

မော်လမြိုင်မြို့ပေါ် ကွမ်းသီးဈေးနှုန်း ဆက်လက်ကျဆင်း

Last Updated:

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်မြို့ပေါ် ကွမ်းသီးတစ်ပိဿာ ပေါက်ဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်) ၁၄၀၀၀ ကျပ် ၊ ပါးပုတ်သီး (အသန့်) ၁၅၀၀၀ ကျပ်၊ ရေးသီး (အသန့်) ၁၇၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ယခင်ပတ်‌ဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်) တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပါးပုတ်သီး (အသန့်) ၁၇၀၀၀ ကျပ်၊ ရေးသီး (အသန့်) ၁၉၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည့်အတွက် တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၂၀၀၀ ခန့် ဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။
   ယခင်လ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ကွမ်းသီးတစ်ပိဿာ ပေါက်ဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်) ၁၇၅၀၀ ကျပ် ၊ ပါးပုတ်သီး(အသန့်) ၁၈၅၀၀ ကျပ်၊ ရေးသီး (အသန့်) ၂၀၅၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည့်အတွက် ကွမ်းသီးဈေးနှုန်းမှာ တစ်လအတွင်း တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ခန့် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News